ဂွ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ် ဒုတိယနေ့အဖြစ် ဂွမြို့ သာသနာ့ဗိမ္မန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/ အုပ် အစည်းအဝေးခန်းမတို့တွင် ဖေဖော်ဝါရီ(၈) နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
၁၈နှစ်နှင့်အထက်ပြည်သူများ၊ ဦးတည်အုပ်စုတွင်ပါဝင်သည့် အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁)ဦး၊ စေတနာ့ဝန်ထမ်း(၁)ဦး၊ သာသနာ့ဝန်ထမ်း(၁)ဦး၊ နိုင်ငံ့ဝန်ထမ်း/ မိသားစု (၆)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း(၂)ဦး၊ အကျဉ်းသား/အချုပ်သား(၄)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၂)ဦး၊ စျေးသူစျေးသား(၁၀)ဦး၊ အခြားဝင်ငွေရ(၃၁၀)ဦး၊ အခြား/ မိသားစု/ မှီခို(၃၀၃)ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၆၄၀ ဦး လာရောက်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်