လဲချား ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စု၊ ဖာဆေကျေးရွာရှိ နေရပ်စွန့်ခွာပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့်အဝတ် အထည်များ ထောက်ပံ့ပေး ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ဖာဆေကျေးရွာတွင် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ မိုင်းကိုင်မြို့နယ်၊ နမ့်ဟူကျေးရွာမှ နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူ အိမ်ထောင်စု(၆၈)စုတို့အား နိုင်ငံတကာကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းလှူဒါန်းသည့် အိမ်ထောင်စု(၁)စုအတွက် စောင်၊ ခြင်ထောင်၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုး၊ မိုးကာအခင်း၊ လက်သန့်ဆေးရည် များကို လဲချားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှနေရပ်စွန်ခွာပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)