မော်လိုက်မြို့၌ ပြည်သူများမြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့ပေါ်ရှိပြည်သူများ မြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ္တော် အရာရှိ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်လှိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ကော်လိတ္တော်အရာရှိ ဦးဝဏ္ဏထွန်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဌေး တို့က မြေငှားဂရန် သက်တမ်း တိုးခြင်း၊ အသစ်တဖန်ပြန်လည်လျှောက်ထား ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ္တော်အရာရှိ ဦးအေးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး လက်ထောက်ကော်လိတ္တော်အရာရှိ ဦးဝဏ္ဏထွန်း၊ ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြေငှားဂရမ်သက်တမ်း လွန်နေသည့် ပြည်သူ(၂၇)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မြေငှားဂရန်များ သက်တမ်းတိုးခြင်း၊ အသစ်တဖန် ပြန်လည်လျှောက်ထား ဆောက်ရွက်ခြင်းတို့ဖြင့် ပြည်သူတို့၏ မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခိုင်မာမှုရှိစေမည့်အပြင် သက်တမ်းရှိ မြေငှားဂရန်ပိုင်ဆိုင်မှု အထောက်အထားကို အခြေပြု၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရာ၌လည်း အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။    

မော်လိုက်သားလေး