မိုးမောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်

 မိုးမောက် ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးမှ ပြည်ထောင်စုနေ့ဆိုင်ရာအသိပညာများ၊ ဗဟုသုတတိုးပွားရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန်၊ ပြည်ထောင်စုနေ့နှင့် မြန်မာနိုင်ငံ၏ အလေးထားအပ်သော နေ့ထူးနေ့မြတ်များ အကြောင်းကို ကျောင်းသူ/သားများ သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက စာရေးဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများစာအုပ်မှ ပညာသင်ကြားမှုဆိုတာ(၁)(ဆောင်းပါး)ကို ဦးဆောင်ဖတ်ရှုပြီး ပညာဟူ သောအဓိပ္ပာယ်နှင့် ယနေ့ခေတ် ကျောင်းသား/သူ၊ လူငယ်လူရွယ်တို့ ပညာသင်ယူနေကြသည့် ရည်ရွယ် ချက်များကို ဆွေးနွေးသည်။

ထို့နောက် အမကမူလွန်(ကြေးနန်း)မှ သတ္တမတန်း ကျောင်းသူ မနွေးနွေးလှိုင်က ကျောင်းသားလူငယ် တွေ(၁)ကိုလည်းကောင်း၊ သတ္တမတန်း ကျောင်းသူ မရိန်ဆိုင်းဂျာက ကျောင်းသားလူငယ်တွေ(၂) ကိုလည်းကောင်း၊ သတ္တမတန်း ကျောင်းသူ မဆိုင်းနူးပန်က ကျောင်းသားလူငယ် တွေ(၃)ကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်မှ ဆောင်းပါးများကိုဖတ်ရှုပြီး ၄င်းတို့၏ အတွေး၊ အမြင်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးကြပြီး မြို့နယ်ဦးစီးမှူးက ကျောင်းသား/သူများ၏ မေးမြန်း ဆွေးနွေးမှုများကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သဲစုမိုး