ပန်းခင်းစီမံချက်ဖြင့် ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူလူထုအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာအုပ်စုအကုန် ဆောင်ရွက်ပေးနိုင်ခဲ့
နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေးအတွက် ပြည်သူလူထုအားလုံး၏လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယခုဇန်နဝါရီလကုန်အထိ ကျေးရွာအုပ်စုအကုန်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။