စစ်ကိုင်းတိပိဋက ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ သက်တော်(၅၄)နှစ် သိက္ခာတော် (၃၅)ဝါ၏ သာဓုကိဠန အန္တိမ အဂ္ဂိဈာပနပူဇာ အခမ်းအနားမုံရွာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယက မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက် နာယက (၄၇)ဘွဲ့ရ ဒွါဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဝါရိယ(စစ်ကိုင်း တိပိဋက ဆရာတော်) ဘဒ္ဒန္တအဘိဇာတာဘိဝံသ သက်တော်(၅၄)နှစ် သိက္ခာတော်(၃၅)ဝါ ၏ သာဓုကိဠန အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က မုံရွာမြို့သဒ္ဓမ္မ ဇောတကသုဗောဓာရုံကျောင်းတိုက် တွင်ပထမပိုင်းအစီအစဉ်(၈)ခုဖြင့် လည်းကောင်း၊ ဆရာတော်၏ ရုပ်ကလပ်တော်အား အဂ္ဂိဈာပနပူဇာရန် ပြုလုပ်ထားရာနေရာ၌ ဒုတိယပိုင်း အစီအစဉ် (၇)ခုဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့် တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာ ပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန် နေ့နံနက် (၁၀)နာရီ အချိန်က မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ အသိပညာပေး ဟောပြောပွဲ နှင့် စာဖတ်ဝိုင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာနယ်မြေတွင် ကွန်ကရစ်လမ်းခင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ်ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာနယ်မြေရှိ အမှတ်(၅)လမ်းတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြကုန်သော သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပုပ္ဗဝိဇယ ဆုတောင်း ပြည့် စေတီတော်မြတ်ကြီးတွင် နေ့ညအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကြကုန်သော သံဃာတော်အရှင်မြတ်တို့အား ဖေဖော်ဝါရီ ၁၃ ရက်က စံပြကျေးရွာ၊ ရဲဘော်ဟောင်းကျေးရွာမှ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

ဘောဂလိမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်‌ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဦးစီးဌာန တို့မှပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်‌စေရေးအတွက် စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်မြို့မ ဈေးအတွင်း၌ အသိပညာပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့နံနက်ပိုင်းက ဘုရားကြီးကျေးရွာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း (သုံးယောက်တွဲ) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံ လေ့ကျင့်ရေးအားက စားရုံ၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာ ကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း(သုံးယောက်တွဲ) ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ရေထွက်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု ရေထွက်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to