ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အဌမအကြိမ် ရန်အောင်မြင်ပရိယတ္တိ သာသနာ လင်္ကာရ စာမေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ရန်အောင်မြင် ပရိယတ္တိစာသင်တိုက်မှ ကြီးမှူး ကျင်းပသည့် အဌမအကြိမ် ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရ စာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်အတွင်းရှိ သတ်မှတ်စာဖြေဌာနများတွင် ကျင်းပရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ သာမဏေကျော်လင်္ကာရ စာသင်တိုက်များမှ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာသိသိသာသာလျော့နည်းလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာ လျော့နည်းလာ လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဗိုလ်ချုပ်​အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ အမေးအဖြေပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Center) ခန်းမ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ အမေးအဖြေပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဗဟန်းမြို့နယ်၌ လူမှု​ရေးရာ အသိပညာပေးသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်း ခရိုင်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော လူမှု​ရေးရာအသိပညာ​ပေးသင်တန်းကို ယနေ့နံနက်၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ကျင်းပသည်။

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် သိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ဆက်လက် ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီ မှစတင်၍ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာ ပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက် ထားကြောင်း သိရသည်။

ဆင်‌ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိသူများ၊ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုဘွားများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်) ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှုရှိစေရန် ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၈ နာရီမှ နံနက် ၉ နာရီအထိ သီရီမင်္ဂလာဈေး (တောင်ဈေး)တွင် Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း (Mask)များ ပေးဝေခဲ့ကြောင်း သိရသည်။
Subscribe to