ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

နမ့်ဆန်  ဖေဖော်ဝါရီ  ၁၄

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့နံနက်ပိုင်းက ဘုရားကြီးကျေးရွာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်နမ့်ဆန်မြို့အတွင်းရှိပြည်သူများအနေဖြင့်ကိုဗစ်−၁၉ရောဂါမျိုးရိုးဗီဇပြောင်းဖြစ်သည့်အိုမီခရွန်ကူးစက်ပျံ့နှံ့မှုမှာရက်ပိုင်းအတွင်းမှာပင်နိုင်ငံအရေအတွက်ပိုမိုများပြားလာြပီဖြစ်ကြောင်း ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကိုပြည်သူများအနေဖြင့် ဆက်လက်ကာကွယ်တားဆီး နိုင်ရေးအတွက်အထူးသတိပြုကြရမည်ဖြစ်သော်လည်းကြောက်စရာ မဟုတ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ခြင်း လူစုလူဝေး ရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှားခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်သွယ်ခြင်း မပြု လုပ်ရန်၊ လေဝင် လေထွက်ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါ ကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာန သို့ ဆက်သွယ်၍ မပျက်မကွက်ဆေး ကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန် စွာခံစားရပြီး အသက်အန္တရာယ် ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာ ပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

နမ့်ဆန်ဒေသ(ပြန်/ဆက်)