မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျွန်းစုမြို့၌ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မိုင်းဆတ်ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ ညနေ(၅)နာရီခွဲက အောင်ဇေယျဘက်စုံ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ချောက်မူလတန်းကြိုကျောင်း၌ မြန်မာ့နိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပသည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံး၊ ကျောက်ဖြူမူလတန်းကြိုကျောင်းတွင် ယနေ့၊ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့တွင် ကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲနှင့် ဆုပေးပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ ရွှေဘို မူလတန်းကြိုကျောင်း စုဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ယနေ့တွင် ကျရောက်မည့် ကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to