မိုင်းငေါ့ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာ ပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန် နေ့နံနက် (၁၀)နာရီ အချိန်က မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ အသိပညာပေး ဟောပြောပွဲ နှင့် စာဖတ်ဝိုင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတရရှိရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှု ခြင်းကြောင့် အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့် စိတ်အပန်းဖြေ ပျော်ရွှင်စေရန်အတွက် “မကောင်းကြံလျှင် မကောင်းခံ” ရုပ်ပြပုံ ပြင် စာအုပ်ဖြင့် ပုံပြောခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူလေးများအား စာအုပ်စာပေများလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန်အတွက် စာဖတ်ဝိုင်းကို့ ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)