မိုင်းယောင်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပုပ္ဗဝိဇယ ဆုတောင်း ပြည့် စေတီတော်မြတ်ကြီးတွင် နေ့ညအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကြကုန်သော သံဃာတော်အရှင်မြတ်တို့အား ဖေဖော်ဝါရီ ၁၃ ရက်က စံပြကျေးရွာ၊ ရဲဘော်ဟောင်းကျေးရွာမှ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ပေါ်တော်မူ ဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုပ္ဗဝိဇယဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် သတ္တမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်နှင့် မဟာပဌာန်းကျမ်းမြတ် ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်ကျင်းပနေပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ထမင်းနဲထိုးပြိုင်ပွဲ၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပဌာန်းသိမ်း အောင်ပွဲအဖြစ် သံဃာတော် ၇၀ ပါးတို့အား သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း