စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် ကလေးငယ်များအား ပြိုင်ပွဲများကျင်းပပေး

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းကာ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ မုန့်လုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)၌ ယမန်နေ့မွန်းလွဲပိုင်းက (WomenClub)    အဖွဲ့ဝင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မုန့်လုပ်နည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများပေါ်တွင် Box Culvert (၃)စင်းဆောက်လုပ်ပေးသဖြင့် အိမ်ထောင်စု(၁၉၂၇)စု ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက်လမ်းများပေါ်တွင်Box Culvert (၃)စင်းဆောက်လုပ်ပေးသဖြင့် အိမ်ထောင်စု (၁၉၂၇)စု ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

မြင်းခြံမြို့၌ အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလ တန်းပြ ဆရာ/မများ ခန့်ထားရေး စာမေးပွဲ ဖြေဆို

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ/မ များ ခန့်ထားရေး စာမေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်မှ စတင်ဖြေဆိုခဲ့ကြောင်း  သိရသည်။

ကမမောင်းမြို့၌ (၇၅)နှစ်​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင်(၇၅)နှစ်​မြောက်(စိန်ရတု) ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အဖြစ် နယ်ခြားစောင့်တပ်နှင့်မြို့ဘောလုံး အားကစားတိုးတက်‌ရေးကော်မတီ ဥက္ကဋ္ဌဖလား  ရပ်ကွက်နှင့် ​ကျေးရွာ​ပေါင်းစုံ ​ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကမမောင်းမြို့ မြို့မ ​ဘောလုံးအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
Subscribe to