ဘောဂလိမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ဘောဂလိ  ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆွေး‌နွေးပွဲတွင် မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က ဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘောဂလိမြို့ မြို့မရဲစခန်းမ ဦးသန်းဝင်းလှိုင်က  လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအချက်များ၊ လူကုန်ကူးရောင်းဝယ်မှု အခြေအနေများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးကိစ္စများကို ဆွေးနွေးပြီး ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မူးလားလားက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေများ၊ ပြစ်မှု ပြစ်ဒဏ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး