မြို့သစ် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို မြို့သစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ လာရောက်ထိုးနှံကြပြီး မြို့သစ်မြို့နယ်၌ COVID Shield ကာ ကွယ်ဆေးကို မြို့နယ်အတွင်း (လုံးဝ)မထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအားလုံးကို ထိုးနှံပေးမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့ပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထ မအကြိမ်ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)