သထုံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြူလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ချက်များကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော (၁၉၆)ကြိမ်မြောက် ကရင်ရိုးရာနယ်လုံးကျွတ် မီးပုံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်ပြည်နယ် သာသနာနုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီး စောမုတ်သုန်ကစီးသော (၁၉၆) ကြိမ်မြောက် ကရင်ရိုးနယ်လုံးကျွတ် မီးပုံပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ယဉ်ကျေးမှု ဒုံးစင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ မီးပုံပွဲကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့တွင်နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းကို ယ‌နေ့နံနက် ၈ နာရီချိန်က မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အိမ်တိုင်ရာရောက် (Home Service ) ဆောင်ရွက်

မိုးမိတ်ခရိုင် မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများသည်  ယမန်နေ့က နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် တောင်ပိုင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု များသို့  အိမ်တိုင်ရာရောက် (Home Service) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇ ပြောင်းမျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပျံ့ပွားမှု မရှိ စေရန်နှင့်ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်ခြင်းကို‌ ယမန်နေ့ ညနေ ၄ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်သို့ သွားရောက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း အရည်အသွေးပြည့်မီရေး ကွင်းဆင်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အောင်ဇေယျရပ်ကွက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ရုံးအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ငဖဲမြို့နယ်သီပေါ်ကျေးရွာ၌ နိုင်ငံခြားနှင်းဆီပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏အနောက်ဘက်ကိုင်းမြေ ၀.၅၀ ဧကတွင် ချောင်းရေကို အသုံးပြု၍ နိုင်ငံခြားနှင်းဆီမျိုး အပင် ၁၀၀၀ - ကျော်ကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံ မှန်ရောင်းချရကာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။
Subscribe to