၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း (သုံးယောက်တွဲ) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နောင်ချို   ဖေဖော်ဝါရီ   ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံ လေ့ကျင့်ရေးအားကစားရုံ၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာ ကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း(သုံးယောက်တွဲ) ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက်နေ့ ညနေ  ၄ နာရီခွဲ အချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကျေးရွာအုပ်စု (၄) အုပ်စု မှအသင်း (၁၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အသင်းတစ်သင်းလျှင်(၃)ဦးနှင့်အရန် (၁)ဦး၊ စုစုပေါင်း (၄)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ဗိုလ်လုပွဲကိုဆက်လက်ကျင်းပခဲ့ပြီး အနိုင်ရရှိခဲ့ကြသော အသင်းများအား ဆုများချီးမြှင့်ခဲ့ ကြောင်းသိရသည်။                    

အဆိုပါဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပထမဆုရရှိသော အာကာအသင်း၊ ဒုတိယဆုရရှိသော ရွှေညောင်ပင်အသင်း၊ တတိယဆုရရှိသော မြင့်မြတ်ချိုအသင်း၊ နှစ်သိမ့်ဆုရရှိသော ဘယ်လေးအသင်းတိုအား ငွေသားဆုနှင့် ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ခဲ့ ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)