ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ ၅၉ ဦး လွတ်မြောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁၅/ ၂၀၂၂နှင့် ၁၇/၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်အားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှ လွှတ်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ ၅၉ ဦးလွတ်မြောက်ကြောင်း သိရသည်။