နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု ရေထွက်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား (၁၈)ဦး၊ မ (၁၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား (၁၃)ဦး၊ မ (၉)ဦး၊ စုစုပေါင်း (၅၂)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄)ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံက သိရသည်။
သင်းသင်းမြတ်