ဘူးသီးတောင် ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ်ရှိ ကျေးလက်ရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း၂၀၂၁ -၂၀၂၂ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကစ္ဆပနဒီလှိုင်း ကုမ္ပဏီမှ ဆောင်ရွက်နေသည့် မှိုင်းစရီကျေးရွာ၊ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း (၄၀၀၀')ပေ၊ ခွင့်ပြုငွေကျပ် (၁၅.၅၀) သန်း၊ ပန်းကုံးမကျေးရွာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း (၁၀၀'x၁၀၀'x၆')၊ ခွင့်ပြုငွေကျပ် (၉.၀၀)သန်းနှင့် စိတ္တရကျေးရွာလက်တူး တွင်းတူးဖော်ခြင်း လုပ်ငန်း (၈' ၀ x၂၅') ခွင့်ပြုငွေကျပ် (၆.၀ဝ)သန်းတို့ဖြင့် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆောင်ရွက်နေသည့် လုပ်ငန်းတို့မှာ (၈၀%)ခန့် ဆောင်ရွက်ပြီးစီးနေကြောင်းတွေ့ရှိရပြီးဆောင်ရွက်နေသည့် လုပ်ငန်းတို့အား အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်းရေးတို့အား ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရန်ပုံငွေဖြင့် ရွှေနှစ်ခိုင်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် စက်ခေါ်ကျေးရွာ၊ မြေသားရေကန် ခြံစည်းရိုးကာရံခြင်း (၇၀၀'x၅) ခွင့်ပြုငွေကျပ် (၅,၀၀)သန်း၊ မာန်အောင် ကျေးရွာ၊ မြေသားရေကန် ခြံစည်းရိုးကာရံခြင်း (၇၀၀'x၅') ခွင့်ပြုငွေကျပ် (၅,၀၀)သန်းနှင့် ဒိုးဝေကျေးရွာမြေသားရေကန် ခြံစည်းရိုး ကာရံခြင်း (၇၀၀'x၅') ခွင့်ပြုငွေကျပ် (၅,၀၀)သန်း တို့အား ဆက်လက်စစ်ဆေးရာ လုပ်ငန်းတို့မှာ (၈၀%)ခန့် ဆောင်ရွက် ပြီးစီးနေကြောင်း တွေ့ရှိရပြီး လုပ်ငန်းတို့အား အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေးတို့အား ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာသူ၊ ကျေးရွာသားများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိပြီး နွေရာသီ ရေရှားပါးမှု မဖြစ်အောင် အထောက်အပံ့ဖြစ်မည် ဖြစ်ပါကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)