ကျိုက်မရော ဖေဖော်ဝါရီ ၁၄
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ (Talk Show) အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းမှ ဒုမြို့နယ်တပ်ဖွဲမှူး ဦးမျိုးမင်းဦးက မသန် စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး အချက်အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးရှင်လင်းခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် မသန်စွမ်းသူများ၏ လူမှုဘဝများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်လမ်းများ ရှာဖွေပေးခြင်း၊ ကျန်းမာစွာ ရပ်တည်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း စသည့်လူ့အခွင့်အရေးများ မဆုံးရှုံးရစေရန် အကူအညီ ပေးခြင်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးနေမှုများကို ဆွေးနွေး ပြောကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော "မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများကို ကျိုက်မရောမြို့နယ် We Love Kyaikmaraw Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)