မိုးနဲမြို့၌ ဆီမုန်လာပင်များ အောင်မြင်ဖြစ်ထွန်းနေပြီး အသီးများပါခူးဆွတ် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုးနဲ   ဖေဖော်ဝါရီ   ၁၄

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု၊ ဝမ်ယေး ကျေးရွာနေ ပြည်သူများအနေဖြင့် ဆောင်းသီးနှံဖြစ်သော ဆီမုန်ညင်းနှင့် ဆီမုန်လာပင်များကို အများအပြား စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းနေပြီး ဆီမုန်လာသီးများကို ခူးဆွတ် ရောင်းချနေရပြီဖြစ်ကြောင်းသိရသည်။

မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံ ဆီမုန်ညင်းနှင့်ဆီမုန်လာ စိုက်ပျိုးဧကပေါင်း ၁၀၉ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ယခုအခါ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော အချို့တောင်သူများအနေဖြင့် ဆီမုန်လာ အသီးများကို ခူးဆွတ် ရောင်းချ‌လျက်ရှိကြောင်းသိရသည်။

ဆီမုန်လာသီးများကို နို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မိုးနဲ မြို့မဈေးအတွင်း ‌ဈေးရောင်းချနေသူ မယ်ထောက်၏ ပြောကြားချက် အရသိရသည်။

 မျိုးညွန့်ရွှေ (မိုးနဲ)