မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မြစ်သား ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ()လဘတ်ဂျက်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရွာခိုင်ကြီးမြောက်ကျေးရွာ စက်မှုလယ်ယာကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ကျေးရွာ()ရွာတွင် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို အခြေအနေကိုလည်းကောင်း တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ က၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်()လဘတ်ဂျက်တွင် မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၅၀.၇၅၉) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သည် ဝေထိုက်အောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ရွာခိုင်ကြီး မြောက်ကျေးရွာ စက်မှုလယ်ယာကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ အိမ်ခြေ (၄၁၁) ဦးအတွက် ဒေသထွက်ကုန် စိုက်ပျိုးသီးနှံများ တင်ပို့ရောင်းချရာတွင် သွားလာရေးလွယ်ကူပြီး အဆင်ပြေချောမွေ့နေပြီ ဖြစ်ကာ၊ မူလငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၆၂.၀၄) ကျပ် သန်းဖြင့် တင်ဒါအောင်မြင်သည့် Royal Mya ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော   ရဲကုန်း ကျေးရွာတွင် အကျယ် လက်မ အနက်ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ၂၄၀၀ဆံ့ အမြင့် ရေစင်တည် ဆောက်ခြင်း၊ အလျား၅ပေ၊ အနံ၅ပေ၊ အမြင့် ပေရှိ ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်း၊  ၎င်းအပြင် ကျောက်ဆောက်ကျေးရွာနှင့်  မှိုင်းဟင်ကျေးရွာတို့တွင် လည်းရေရရှိရေး လုပ်ငန်းများ ၁၀၀ရာ ခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကိုလည်း   ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးမှုသည် ကျောက်ဆောက် ကျေးရွာ၊ ရဲကုန်းကျေးရွာနှင့် မှိုင်းဟင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများဖြစ်သည့် အိမ်ခြေ(၆၆၀)၊ လူဦးရေ (၂၅၆၈)ဦးတို့အတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေစွာအသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)