ရေတာရှည်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့  ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီခွဲအချိန်တွင် ရေတာရှည်မြို့  အမှတ်()ရပ်ကွက်ရှိ ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  သင်တန်း တွင် ထူးချွန်ဆု ရရှိခဲ့သူများအား ဆုချီးမြင့်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ လူနာဆန်းစစ်ခြင်း ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်းနှင့် ပတ်တီးစီး ဆေးထည့်ခြင်း စသည့် ဘာသာရပ် များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)