တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက တံတားမြို့ သုံးလောက ထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီးဝန်း အတွင်းတွင် (Covishied Vaccine) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

တွံတေးမြို့နယ်၌ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာ များ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတအဖွဲ့မိသားစုမှ ဖေဖော်ဝါရီ  ၁၄ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့နယ် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့မှူးတွင်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်

ကိုဗစ်-၁၉မျိုးရိုးဗီဇ‌ပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်‌‌ရေးနှင့် ရောဂါကူးစက်မှုလျော့ချ နိုင်ရေးအတွက်‌ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အတွင်း သွားလာ‌နေကြသူများ အနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိမရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းကို ယနေ့ နံနက်၉နာရီက ဗိုလ်ချုပ်လမ်းမကြီး‌ပေါ်နှင့် မြို့မဈေးကြီးအတွင် ဆောင်ရွက်နေ ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း (၂)လမ်းအား ဂျင်းကျောက်မြေများခင်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက်လမ်း (၂)လမ်းအား ဂျင်းကျောက်မြေများ ခင်းပေးလျက်ရှိကြောင်း သိရှိရသည်။

ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသား အရည် အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေး အတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်ကစတင်၍ ခရမ်းမြို့နယ်၊ ဆင်ကျွန်းကျေးရွာ တွင်ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည် ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီး ဌာန၊စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

“ဒုတိယဆီအိုး ဖြိုးလျှံတိုးအောင်၊ ကြံဆောင်မနှေး၊ ပြည့်ရှေ့ရေး”

ပင်လယ်ပြာပြာ၊ စိမ်းညို့ညို့တောင်တန်း၊ စိမ့်စမ်းရေတံခွန်အသွယ်သွယ်ဖြင့် သဘာဝရေမြေ အနေအထားအရ ရှုမဝအောင်လှပနေသည့် ဒက္ခိဏတိုင်းဌာနေ၊ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်း ကမ်းရိုး တန်းမြေ မဟီတနင်္သာရီ၊ ဤဒေသ၏ နယ်ခြားစည်းရိုး ကော့သောင်းမြို့သို့ အရောက်သွားရာ လမ်းတစ်လျှောက်တွင် ဆီအုန်းပင်များ အစီအရီစိုက်ပျိုးထားပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ့စပါးကျီအဖြစ် ထင်ရှားသလို ဆီအိုးကြီးအဖြစ် ပဲ၊ နှမ်း၊ ပြောင်း အထွက်များသော မကွေးတိုင်းဒေသကြီးကို တင်စားထားပါသည်။ ဤသို့ဆိုလျှင် ဆီအုန်းပင်များစွာ ဖြစ်ထွန်းပေါက်ရောက်နေသော တနင်္သာရီတိုင်းဒေသကြီးသည် ဒုတိယဆီအိုးကြီးအဖြစ် မှတ်ကျောက်တင်နိုင်ရန် အလားအလာကောင်းများစွာ ရှိပါသည်။

မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၉၉)အား ဖေဖော်ဝါရီလ ၁၁ရက်နေ့နံနက်၁၀နာရီခွဲတွင် အဆိုပါရုံး၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
Subscribe to