မြင်းခြံ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် သတင်းရေးသားနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှ သတင်းရေးသား လုပ်ကိုင် ဆောင်ရွက်နေသော ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများအား သတင်းရေးသားခြင်း လုပ်ငန်းကို သိရှိနားလည် ရေးသားတတ်စေရန်အတွက် ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း" မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့ က ပြောသည်။
အဆိုပါ သတင်းရေးသားနည်းသင်တန်းကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခြေခံသတင်းစာ ပညာ၊ သတင်းရေးသားခြင်းနှင့် ဦးစီးအရာရှိ ဦးထိန်လင်းက သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို ဆွေးနွေးပေးခဲ့ကြသည်။
သတင်းရေးသားနည်းသင်တန်းသို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့များမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း(၈)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)