လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​ပေး Mask Campaign ​ပြုလုပ်

လသာ ဖေ​ဖော်ဝါရီ ၁၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများပါ၀င်​သော ပူးပေါင်းအဖွဲ့သည် ယ​နေ့နံနက် ()နာရီခွဲအချိန်က ကိုဗစ်-၁၉ ​ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​​ပေး Mask Campaign  ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ဒုမြို့နယ် အုပ်ချုပ်​ရေးမှူးဦး​​အောင်​ထွေးချစ်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၀င်များ၊ မြို့နယ်လူ၀င်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်​ရေးမှူးနှင့် တာ၀န်ရှိသူများ၊ အမှတ်(၄၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှတပ်ဖွဲ့စုမှူးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် လသာမြို့နယ်အတွင်းရှိ​ စျေးများ၊ လမ်း​ဘေး​စျေးသည်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်- ၁၉​ ရောဂါတားဆီး ကာကွယ်​ရေးအတွက် MasK များ စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာတန်းစီ​စျေး၀ယ်ရန်၊ ​စျေးသည်များအ​နေဖြင့် MasK တပ်ဆင်ခြင်းအပြင် လက်အိတ်၊​ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုရန်နှင့် မိမိဆိုင်တွင်လက်သန့်​​ဆေးရည်များ ထားရှိ၍​ စျေး၀ယ်သူများအား လက်​ဆေး​စေရန် တိုက်တွန်းနှိုး​ဆော်ခဲ့ပြီးကျန်းမာ​ရေး အသိပညာ​ပေး လက်ကမ်းစာ​စောင်များ​ဝေငှခြင်း၊  Mask များ အခမဲ့​​​ဝေငှခြင်းများ​ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

မို့မို့သူ (ပြန်/ဆက်)