ရာသီပေါ် သီးနှံစာ မရမ်းသီး ဈေးကောင်း

မန္တလေး ဖေဖော်ဝါရီ ၁၄

ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးသည် တစ်ပိသာဈေး အသီးအရွယ် အမျိုးအစားအလိုက် တစ်ပိသာကျပ် ခြောက်ထောင်မှ ကျပ်ခုနှစ်ထောင်အထိ ရောင်းချနေရကြောင်း သိရှိရပါသည်။

"မရမ်းသီး ပေါ်ဦးပေါ်ဖျားတုန်းကတော့ တစ်ပိသာ တစ်သောင်းခွဲလောက်အထိ ရောင်းရပြီး အခုတော့ တပိသာ ခြောက်ထောင် ခုနှစ် ထောင်လောက်အထိ ရောင်းရပါတယ်။ အသီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှု့ရှိတယ်" ဟု ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးက ပြောကြားပါသည်။

ဆောင်းကာလနှင့် လိုက်ဖက်သော ရာသီစာ မရမ်းသီးအား ကျန်ကုန်စိမ်းများနှင့်အတူ တစ်နိုင်တစ်ပိုင် မှာယူရောင်းချပေးရာတွင် ဈေးကောင်းလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)