ကျောက်ဖြူ ဖေဖော်ဝါရီ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ် လူရွယ်များ နေ့စဉ် ညနေ (၄)နာရီ နောက်ပိုင်းအချိန်များ၌ ပိုက်ကျော်ခြင်း လာရောက် ကစားလျက်ရှိသည်။
ထိုသို့ ပိုက်ကျော်ခြင်း လာရောက် ကစားသူများမှာ အခြေခံပညာကျောင်းများမှ ကျောင်းသားများနှင့် ရုံးအနီးအနား ပတ်ဝန်းကျင်မှ ပြည်သူများဖြစ်ပြီး ညနေကျောင်းဆင်းချိန်တွင် ကျန်းမာရေးအနေဖြင့် လာရောက်ကစားခြင်းဖြစ်ကြောင်း ခြင်းလာခတ်သည့် ကျောင်းသားတစ်ဦးက ပြော ကြားသည်။
“ကျွန်တော်နာမည်က မောင်မျိုးမြတ်မင်းဖြစ်ပါတယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှာ ဒသမတန်းတက်ရောက်နေပါတယ်ခင်ဗျ၊ ကျွန်တော်တို့က ညနေပိုင်းဆို ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ခန်းလုပ်ချင်နေတာခင်ဗျ၊ အခုလိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှာ ပိုက်ကျော်ခြင်းကွင်း ဆင်ပေးထားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်ခင်ဗျ၊ ပိုက်ကျော်ခြင်းကွင်း ဆင်ပေးတဲ့ ဌာနက အရာရှိတွေနဲ့ ဝန်ထမ်းတွေကိုလည်း အထူးကျေးဇူး တင်ပါတယ်ခင်ဗျ၊ နောက်ဆိုရင် ခြင်းလုံးပြိုင်ပွဲတွေကိုလည်း ပြုလုပ်ပေးစေချင်ပါ တယ်ခင်ဗျ” ဟု ပြောသည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလအတွင်း ပြည်သူများ စာပေအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ သုတ၊ ရသ စာအုပ်အညွှန်းများ မိတ်ဆက် ခြင်းတို့အပြင် ကလေးများဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင် ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် ပြသပေးခြင်း စသည့် အသိပညာပေးအစီအစဉ်များအား Face Book Page မှဝန်ဆောင်မှု ပေးလျှက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)