တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့၊ တရုတ်ကောစံပြ မူလတန်းကြို ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
ပြိုင်ပွဲတွင် တရုတ်ကောစံပြမူလတန်းကြို ကျောင်းသား/သူ ကလေးသူငယ်များ၏ ကာယစွမ်းရည်၊ ဉာဏစွ မ်းရည်များဖြစ်သည့် အပြေးပြိုင်ပွဲ၊ အရုပ်ကောက်ပြိုင်ပွဲ၊ စကောရွက်၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ သီချင်းဆို ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ စသည့်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား နယ်မြေခံ တပ်မတော်အရာရှိနှင့် ကျောင်းအုပ် ဆရာမကြီးနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုဝန်ထမ်းဦးစီးဌာန တရုပ်ကော မူလတန်းကြိုကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ မိဘများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)