ကန့်ဘလူ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းသိမ်းအောင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော် လိုဏ်အတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အသင်း (ကန့်ဘလူ)ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့ရှေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝန ထံမှငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များက ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကာ ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု တို့ကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့ရှေ့ကျောင်းတိုက် ဆရာတော်ထံတော်မှ အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)