ငပလီမြို့ ပြည်သူ့စာကြည့်တိုက်တွင် “သင့်ဘဝအောင်မြင်ရေး လှေကားထစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ငပလီ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် သင့်ဘဝအောင်မြင်ရေး ​လှေကားထစ်များ စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးရန်ငြိမ်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ပြီးနောက် တက်ရောက်လာသည့် လူငယ်လူရွယ်များမှ “အခက်အခဲများကို ဖြတ်ကျော်ခြင်း” ၊ “ပန်းတိုင်ကိုသတ်မှတ်ခြင်း” နှင့် “ကြောက်စိတ်များကိုဖယ်ရှားခြင်း” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ စာရေးဆရာ အာရက္ခစည်မှ လူငယ်တွေအတွက် “ယုံကြည်မှုတည် ဆောက်ခြင်းနှင့် အောင်မြင်အောင်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်