မင်္ဂလာတောင်ညွန့်  မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီအချိန်က ဖို့မြေ ရပ်ကွက်ရှိ လမ်းများအတွင်းတွင် အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကာလိမြို့၌ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာအုပ်အခမဲ့ ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို ယနေ့နေ့လည်(၁) နာရီအချိန်ခန့်က ကာလိမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် ရပ်ကွက်‌နေပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကိုဗစ်ကုသရေးစင်တာအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းကြည့်ရှု

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၈၀)ဦး ထားရှိနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ အဆောင်သန့်ရှင်းရေး လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှု များကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၆နာရီအချိန်က ယမုံနာ (၁) ရပ်ကွက်ရှိ လမ်းဆုံလမ်းခွ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက် ခဲ့ကြသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား Sputnik Light Vaccine(Booster Dose)အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်​ ရောဂါကြိုတင်ကာကွယ်​နိုင်ရေးအတွက်​ ဖေ​ဖော်ဝါရီလ (၁၁)ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အမှတ်(၉)ရပ်ကွက တက္ကသိုလ်များ ဆေးရုံအ​ရေး​ပေါ်ဌာနတွင် ထိုးနှံ​ပေး လျှက်ရှိပါသည်။

ခေါဇာမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား   အသိပေးနှိုးဆော်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်နှင့် မွန်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌တည်ထားမည့် ပဒုမ္မာ ရွှေကြာ ကိုးနဝင်းဆုဆောင်းပြည့် စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌ တည်ထား မည့် ပဒုမ္မာရွှေကြာ ကိုးနဝင်းဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က စေတီတော်တည်ဆောက်မည့် တောင်ကုန်း ပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆောင်းသီးနှံ ဖရဲစိုက်တောင်သူများက ပြည်ပစျေးကွက်အပြင် ဒေသတွင်း စျေးကွက်ကိုပါ အလေးထားစိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သမ္ဘာန်၊ ရွှေဂွန်း၊ ဂျို့ချောင်း၊ ကော့လုံစသည့် ကျေးရွာများ၌ ထိုင်ဝမ်ဖရဲမျိုး (HERAR)နှင့် (HERO)မျိုး၊ ဂျပန်မျိုး (ဒေသအခေါ် ဒုံးကျည်မျိုး) များကို ဖရဲစိုက်ခင်း တစ်ခင်းခူး၊ တစ်ခင်းပြန်စိုက်သည့် စနစ်ဖြင့် ဆောင်းသီးနှံ ဖရဲစိုက်ခင်းများကို တွင်ကျယ်စွာ ကြိုးစား၍ စိုက်ပျိုး လုပ်ကိုင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းဆွေးနွေး ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်နှင့် အားလပ်ချိန်တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာဖေမြင့် ရေးသားသည့် “နှလုံးသားအာဟာရ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ရုံး လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to