ငါးသိုင်းချောင်းမြို့၌ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ဒုတိယအကြိမ်)ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပွဲကျင်းပ

ငါးသိုင်းချောင်း    ဖေဖော်ဝါရီ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်း‌ချောင်းမြို့၊စည်ပင်သာယာရေးကော်မတီ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား (ဒုတိယအကြိမ်) လေလံတင်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးခင်ညွန့်က လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းလိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်းသိရသည်။

(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်စုစုပေါင်း (၃၄) ခုရှိရာ (ပထမအကြိမ်) လုပ်ငန်းလိုင်စင်(၁၈)ခုကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပြီး ယနေ့တွင်(ဒုတိယအကြိမ်)လုပ်ငန်းလိုင်စင် (၅)ခုကို လေလံတင်ရောင်းချ နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ မတ်လ(၃)ရက်နေ့တွင် ကျန်ရှိနေသော လုပ်ငန်းလိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရှိရပြီး အဆိုပါ ဘဏ္ဍာငွေများဖြင့် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး

မြို့နယ် (ပြန်/ဆက်)