တောင်ကုတ် ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် တောင်ကုတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေက ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးနှင့်ပတ်သက်သောအသိ ပညာဗဟုသုတများရရှိစေရန် ရည်ရွယ် ချက်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးရာရှိဦးဆွေလင်းမောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ် ဖြင့်ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် မိမိတို့မီး သတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး တာဝန်ကြီးလေးရပ်ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်းရေး အသိပညာပေးနှိုးဆော်မှုများကိုလည်း အပတ်စဉ် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ပါ မီးသတ်ကားများဖြင့် အသိပညာပေးနှိုးဆော်လျက်ရှိပါကြောင်း ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် မိဘပြည်သူများအ နေဖြင့်မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ထားရှိရန်၊ ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေး ဘူးများအား အသင့်တပ်ဆင်ထားရှိကြရန် မီးလောင်မှုဖြစ်ပွားလာပါက ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားကြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
စန်းဝင်း(မြို့နယ်၊ ပြန်/ဆက်)