ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose (ပထမအကြိမ်) စတင်ထိုးနှံ

ဒဂုံအရှေ့  ဖေဖော်ဝါရီ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက် (၉)နာရီက ၇ဒေသန္တရကျန်းမာရေးဌာနတွင် ရုရှားနိုင်ငံထုတ် Booster Dose ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စုစုပေါင်း(၁၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးBooster Doseထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိသူများကိုသာ ဆေးထိုးပြီးမိနစ်(၃၀) အကြာစောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Doseထိုးနှံဖို့ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

  အေးမဉ္ဇူ(ပြန်/ဆက်)