လက်ပံတန်း ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးမင်းထွန်းက ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားစေရန်နှင့် စည်းလုံးမှု ရှိစေရန်အတွက် ယုံကြည်ချက်ခံယူချက်ခိုင်မာစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အရည်အသွေး မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်ဝန်ထမ်းများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဝန်ထမ်းကျက့်ဝတ် စာအုပ်မှဝန်ထမ်းများ လိုက်နာရမည့် တာဝန်များ၊ အလုက်ချိန်နှင့် သင်ဆိုင်သည့်စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ၊ ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းများကို အလှည့်ကျဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးပွဲကို နှစ်ပတ်လျှင် တစ်ကြိမ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)