နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီးတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့၊ ခရစ်နှစ် (၂၀၂၂)ခုနှစ် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကောက်သစ်ဦးအလှူဌာနခေါ် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က နောင်ချိုမြို့ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)သို့ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍

ဖား​ဆောင်းမြို့နယ်၌ ​အသက်(၅၀)နှစ်အထက် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး Booster Dose ထပ်မံထိုးနှံ​ပေး​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိ အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉​ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉​ ရောဂါ အန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက် ယ​နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာန၌ Booster Dose ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ထပ်မံထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။

မြစ်ကြီးနားခရိုင် ခရီးစဉ်‌ ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြစ်ကြီးနားခရိုင် ခရီးစဉ်‌ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အ.ထ.က(မိုင်းယု)ကျောင်းသား ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် နွေရာသီရောက်လာပြီဖြစ်၍ ကျောင်းဝင်းအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to