မန်တုံ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေအကျိုးကျေးဇူး (TalkShow)တွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က မိတ်ဆက်စကား ပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဒေါ်စန္ဒာစိုးက နိုင်ငံတွင်းရှိ နိုင်ငံသားတို့ရဲ့ အတွေးအခေါ်မမြော်အမြင် ကျယ်ပြန့်မှု၊ ဗဟုသုတမြင့်မားမှု၊ မျှော်မှန်းချက်ကောင်းမွန်ရန်အတွက် စာဖတ်ခြင်းပေါ် မူတည်လျက်ရှိခြင်း၊ စာဖတ်ခြင်းဖြင့် လူတစ်ဦးချင်း၏ အသိအမြင်ကျယ်ပြန့်စေသလို ဗဟုသုတ တိုးပွားခြင်းနှင့် အတွေးအခေါ် ရင့်သန်ခြင်းကို ဖြစ်ပေါ်စေခြင်း၊ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတမြင့် မားလာသလို အကောင်းအဆိုး အကြောင်းအကျိုး မှန်ကန်စွာ ချင့်ချိန် ဝေဖန်ဆုံးဖြတ်လာနိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ကို လှပစွာ ပုံဖော်လာနိုင်ခြင်း၊ ရှေ့ဆောင်လမ်းပြ ဖြစ်လာပြီး နောက်လိုက်သူများအပေါ် မှန်ကန်စွာ လက်တွဲခေါ် ဆောင်လာနိုင်ခြင်း အစရှိသည့် စာပေအကျိုးကျေးဇူးများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မန်တုံ