ဟိုပန် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်မြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို ဟိုပန်မြို့ပေါ်ရှိ ရုံးကုန်းရပ်ကွက်နှင့် ရွှေဝါကျေးရွာများသို့ သွားရောက်၍ အသိပညာပေးရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရေး ပြုလုပ်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ မိဘပြည်သူများအနေဖြင့် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို စက္ကန့် နှစ်ဆယ်ကြာ အောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက်၍ ကျန်းမာရေးစစ် ဆေးမှုများ စနစ်တကျခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကို လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)