မိုင်းတုံမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်း‌  ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်‌‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ (၆)လပတ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကို မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာမှ ကွန်ကရစ်လမ်းခင်းခြင်း (၅၇၀)ပေ x.၁၀ပေ x၆လက်မထု ဆောင်ရွက်ပြီးစီးမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ ၁၅-၂-၂၀၂၂ရက်နေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌ အောင်မျိုးထက်နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စာရေးဆရာကိုလင်း၏ “ ဘီလုံငှက်နှင့်စွန်ရဲ ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူး ထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် စားသောက်ကုန်ပစ္စည်းများ စားသုံးရန် သင့်/ မသင့် အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေး ထောက်ခံချက်များနှင့် ညီ/ မညီ ကွင်းဆင်းစစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ မြိုင်ရတနာစျေးနှင့် အမှတ်(၁)စျေးတို့ရှိ စားသာက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေး ခရီးသွားပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ ပေးဝေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒလဘက်ကမ်းမှတစ်ဆင့် စီးပွားရေးမြို့တော် ရန်ကုန် ဘက်ခြမ်းသို့ နေ့စဉ်ကူးသန်းသွားလာကြသည့် ခရီးသွားမိဘလုပ်သားပြည်သူများအား ပါးစပ် နှာခေါင်းစည်း များ စနစ်တကျ တပ်ဆင်စေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီခွဲက ဒလမြို့နယ် ကမာကဆစ်စက်တပ်သမ္ဗန်ကူးတို့ဆိပ်၊ ကမာကသွယ် စက်တပ် သမ္ဗန်ကူးတို့ဆိပ်နှင့် စက်မြေစက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊ မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေးအဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Subscribe to