(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပထမဆုရ အသင်းနှင့် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးချုပ် ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းနှင့် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်လွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။