ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်း မှစတင်ကာ ရေဆင်းကျေးရွာအုပ်စုတွင် တတိယအကြိမ်နှင့် ကျွန်းရောင်းကျေးရွာအုပ်စုတွင် ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။