မိတ္ထီလာ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးချုပ် ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းနှင့် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်လွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အောင်ပွဲရ အားကစား သမားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး မိတ္ထီလာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ပြိုင်ပွဲအတွေ့အကြုံ များအား ရှင်းလင်းပြောကြားခဲ့ သည်။ ၎င်းနောက် အောင်ပွဲရ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး ပိုက်ကျော် ခြင်းပြိုင်ပွဲတို့မှ ပထမဆုဖလားများအား မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်ခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါက်တာ စောမြင့်ထူးတို့က အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ရာ အသင်းနည်းပြတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် အောင်ပွဲရ အားကစား သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)