ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက််ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကွင်းဆင်းဆောင်ရွက်

ရမ်းဗြဲ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်၁၂နာရီအချိန်ကရမ်းဗြဲမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း၊ လောင်းချောင်းသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ စာအုပ်စာပေများနှင့်နီးစပ်ထိတွေ့၍ စာအုပ် စာပေများကို ဖတ်ရှု လေ့လာတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေးကို ရည်ရွယ်လျက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းနှင့် ဝန်ထမ်းများမှသွားရောက် ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဂျာနယ်၊ မဂ္ဂဇင်း  စာအုပ်များနှင့် ကလေးဖတ် စာအုပ် စာစောင်များ၊ တိုင်းရင်းရိုးရာပုံပြင်များစုံလင်စွာပါဝင်ပြီး စာအုပ်ပေါင်း (၅၀)အုပ်ကိုဆောင်ယူကာ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များဖတ်ရှုလေ့လာနိုင်ရန်အတွက် Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)