လေးမျက်နှာ ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘုတ်ချောင်းကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာတွင် ယနေ့ နေ့လည်ပိုင်းက တတိယအကြိမ် မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို ကျေးလက် ကျန်းမာရေး ဆေးပေးခန်းတွင် ပြုလုပ်ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ တွင် စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန်ရည်ရွယ်၍ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူ စုစုပေါင်း(၁၀၃)ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၃၃)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက ပြည်သူ များအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)