သရက်ချောင်း ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီ က စာရေးဆရာ အောင်သင်း ရေးသားသည့် မျိုးဆက်သစ်ရဲ့ မဟာမိတ် စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခြင်းသည် စာရေးဆရာများ၏အတွေ့အကြုံများ၊ လက်တွေ့အသုံးချ ပညာရပ် များနှင့် အသိပညာဖွံဖြိုး တိုးတက်မှုတို့ကို လူငယ်/လူရွယ်များသို့ ပညာချပြ ဆွေးနွေးခြင်းဖြစ်ပြီး စာဖတ် ခြင်းဖြင့် အကျိုးကျေးဇူး အများအပြားရရှိ၍ စာဖတ်ရှိန်မြှင့်လာမားစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အားရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့၀င် ဒေါ်ကြည်ပြာခိုင် “ပညာရှာတယ်ဆိုတာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့၀င် ဦးဇွဲမြတ်အောင်က “ပေးသူနဲ့ယူသူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့၀င်ဒေါ်မြတ်မွန်က “တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသူများနှင့် စာအုပ်ထဲရှိ အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှု ကဆွေးနွေးပေးပါသော အဖွဲ့ဝင်များအား ကျေးဇူးတင် ရှိကြောင်းပြောကြားပြီး ဆွေးနွေးပွဲများ ကိုဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)