တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ သို့ စေတနာရှင်အလှူရှင်များက သောက်ရေသန့်ကတ်များ လာရောက်လှူဒါန်း

တိုက်ကြီး    ဖေဖော်ဝါရီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းှိ ရွှေဂျိုးဖြူခန်းမ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရန် ဖွင့်လှစ်ထားသောကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာသို့ ယမန်နေ့က စေတနာရှင်အလှူရှင်များက သောက်ရေသန့်ကတ်များကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာ တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် ဇေယျသုခလမ်းနေ ကိုအောင်ကျော်သူ ( Aung Mobile )မိသားစုမှ သောက်ရေသန့် (၃၀)ကဒ်၊ ရွှေလမင်း ကုန်စုံဆိုင် (တိုက်ကြီးမြို့ မဈေး) မိသားစုမှ သောက်ရေသန့်(၁၀)ကဒ်နှင့် သမီးလေး မမေမီမီကျော်၏ ရက် (၁၀၀) ပြည့် မွေးနေ့အဖြစ် သောက်ရေသန့် (၁၀) ကဒ် စုစုပေါင်း သောက်ရေသန့် ( ၅၀) ကတ်အား လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက လက်ခံခဲ့ သည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ထပ်မံတွေ့ရှိခဲ့ပြီး ဖေ​ဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပိုးတွေ့လူနာ (၆၉) ဦး၊ သေဆုံးသူ () ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးစင်တာတွင် စောင့်ကြည့်ထားရှိသူ ယမန်နေ့အထိ ကျား()ဦး၊ () ဦး ပေါင်း () ဦး လက်ခံ ထားရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)