ရပ်စောက်၌ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်စောက်မူလတန်းကြိုကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး အပတ်စဉ်ထိုးနှံ တိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ ဒေသန္တရတိုက်နယ်ဆေးခန်းများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အနော်ရထားမင်း တည်ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာမြတ်ပဌာန်းအောင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အနော်ရထားမင်းတည် ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာပဌာန်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ( ၁ ) နာရီအချိန်တွင် တဲနန်းတော်စေတီမြတ်ကြီး ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်‌ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့‌ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ် ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန် များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများ အတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များ တပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် သတ္တမအသုတ် (ပထမ)အကြိမ် ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield (၂)နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား သတ္တမအသုတ်(ပထမ)အကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to