ဟုမ္မလင်းမြို့နယ်၌ သံဃနာယကအဖွဲ့ ဆရာတော်များအား မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ သံဃအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေးချယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် လုံးဆိုင်ရာ ပရိယတ္တိစာသင်ကျောင်းတိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များအား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရွေးချယ်ခဲ့ကြသည်။