ဂွမြို့နယ်တွင် Phase-5နှင့် Phase-6 ဒုတိယအကြိမ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပြန်လည်ထိုးနှံပေးလျက်ရှိ

ဂွ  ဖေဖော်ဝါရီ   ၁၆

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နှင့် (၁၈)ရက်နေ့များတွင် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့်  Phase-5နှင့် Phase-6 တို့မှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံရန်အတွက်  ဂွမြို့ သာသနာ့ဗိမာန်၊ ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/အုပ် ခန်းမတို့တွင် ယမန်နေ့က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Sinovacကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း(၃)ဦး၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံ ဝန်ထမ်း(၁)ဦး၊ စျေးသူစျေးသား(၃)ဦး၊ ပို့ကုန်/သွင်းကုန် ဝန်ထမ်း(၁) ဦး၊ အခြားဝင်ငွေရ(၁၀)ဦး၊ အခြား/မိသားစု/မှီခို(၁)ဦး စုစုပေါင်း(၁၉)ဦးကလည်းကောင်း၊  Covishield ကာကွယ်ဆေးကို စေတနာ့ ဝန်ထမ်း(၁)ဦး၊ သာသနာ့ဝန်ထမ်း(၅)ဦး၊  ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်း(၂)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၁)ဦး၊ စျေးသူစျေးသား(၆၀)ဦး၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၁၀)ဦး၊ အခြားဝင်ငွေရ (၃၀၅)ဦး၊ အခြား/မိသားစု/မှီခို(၂၄၁)ဦး၊ စုစုပေါင်း(၆၂၇)ဦးက လည်းကောင်း၊ Sinopharm ကာကွယ်ဆေးကို စျေးသူစျေးသား(၁)ဦး၊ အခြားဝင်ငွေရ(၇)ဦး၊ အခြား/မိသားစု/မှီခို(၂)ဦး စုစုပေါင်း(၁၀)ဦးက လည်းကောင်း လာရောက်ထိုးနှံပြီးခဲ့ ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်